မင်္ဂလာပါ

📚မိန်းကလေးတိုင်းဖတ်ဖို့ 📚
✍✍✍✍✍✍👁✍✍✍✍✍✍✍

အိမ်ထောင်တစ်ခုကို
အချစ်အတွက်ရွေးချယ်သင့်လား…
ဘဝအတွက်ရွေးချယ်သင့်လား…
မိန်းကလေးတိုင်းက နုညံ့တယ် အယုံလွယ်တက်ကြတယ် သူတို့တကယ်ချစ်လာတဲ့အခါ
အားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုမစဉ်းစားတက်ကြပါဘူး။
သူကကိုယ့်ကိုတကယ်ချစ်လို့
နောင်ပြင်သွားမှာပါဆိုပြီး အချစ်တွေမြင်နေတဲ့အချိန်
အပြစ်တွေကို မမြင်ဘူးဆိုရင်
ဘဝတစ်ခုလုံးကို ဒူးနဲ့မျက်ရည်သုတ်နေရပါလိမ့်မယ်။

အရက်သောက်တက်သူကို
ငါ့ကိုချစ်​ရင်​ ပြင်လိုရပါတယ်မထင်နဲ့
ဆေးလိပ်သောက်တက်တဲ့သူကို
ငါ့ကိုချစ်​ရင် ပြင်ပေးရင်​ ပြင်မှာပဲလို့မတွေးနဲ့
သမီးရည်းစား ရန်ဖြစ်တိုင်းရိုင်းစိုင်းစွာဆဲဆို
တက်သူကိုနောင်ပြင်လာမှာပါလို့မထင်နဲ့
စကားများတိုင်း လက်ပါတက်သူကို
နောင်တချိန်မှာ ပြင်လာမှာပါ
ပြင်ပေးရင်ရပါတယ်လို့မတွေးမိလိုက်ပါနဲ့။

လူဆိုတာ အကျင့်တစ်ခုရှိရင်
ကိုယ်တိုင်ပြင်ရင်ပြင် မပြင်ရင်
ဘယ်တော့မှ မပြောင်းလဲပါဘူး
ဘယ်သူကမှ ပြင်ပေးလို့မရပါဘူး
သူဗီဇက ဒီလိုပါလာရင် ဘယ်လောက်ထိချစ်ပါတယ်
ပြောပြော နဂိုဗီဇက ပြုပြင်လဲခဏပါပဲ။

မိန်းကလေးတစ်ယောက်ကို
ကျောရရုံကြံတက်ကြတဲ့ သူတွေနဲ့တွေ့ရင်
အချစ်စစ်ဆိုတာ သူတို့အတွက်တော့
စာမဖွဲ့လောက်ပါဘူး
ဒါကြောင့်ချစ်ပါ မချစ်နဲ့မဆိုလိုပါဘူး
ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် မကောင်းရင်
ကိုယ့်အပေါ်နှမချင်းကိုယ်ချင်းစာနာစိတ်မရှိရင်
ကိုယ့်အပေါ် သစ္စာမရှိရင်
ကိုယ့်အရှက်သိက္ခာကို ထိပါးလာရင်
ဘယ်လောက်ထိချစ်နေပါစေ
ပြတ်ပြတ်သားသား လမ်းခွဲလိုက်တာ
အကောင်းဆုံးပါပဲ ။

သူနဲ့ကိုယ်ချစ်သူရည်းစာ ဘဝမှာတောင်
ကိုယ့်အပေါ် နားလည်မှုမရှိတဲ့ယောက်ျားတစ်ယောက်ကို
တစ်ဘဝလုံးပုံအပ်ပြီး လက်တွဲသွားဖို့ဆိုတာဘယ်လို
မှမဖြစ်နိုင်ပါဘူး။

မိန်းကလေးတိုင်း ချစ်ပါ
မချစ်နဲ့ပြောတာမဟုတ်ဘူး ဒါပေမယ့်
ကိုယ်တစ်ဘဝလုံးလက်တွဲဖို့
ရည်ရွယ်ထားတဲ့သူကိုတော့
မျက်စိနဲ့မြင်အောင်ကြည့်ပါ နှလုံးသားနဲ့ခံစားပါ
သို့ပေမယ့် ဦးနှောက်နဲ့ဆုံးဖြတ်ဖို့တော့မမေ့ပါနဲ့။

တကယ်တမ်းတော့ မိန်းကလေးဆိုတာ
အိမ်ထောင်ဖက် အရွေးမှားတဲ့အခါ
ဘဝတစ်ခုလုံးကို ငရဲတွင်းထဲရောက်သွားတာနဲ့အတူတူပါပဲ။
အိမ်ထောင်တစ်ခုကို အချစ်တစ်ခုတည်းနဲ့တည်ဆောက်လို့မရနိုင်သလို
အချစ်မပါတဲ့ အိမ်ထောင်ရေးကလဲကြာရှည်မတည်မြဲနိုင်ပါဘူး
ဒါကြောင့် အချစ်သူရဲကောင်းဆိုတာ
ဝတ္တုဇာတ်လမ်း၊သီချင်းတွေ၊videoဇာတ်လမ်းထဲတွေကလို လူတွေအားကျအတုယူလောက်တဲ့အထိမလွယ်ကူမပီပြင်နိုင်ပါဘူး။

သာယာတဲ့နေ့လေးဖြစ်ပါစေ

Crd#To Love

https://tolove.code.blog/
မင်္ဂလာပါ

Published by nyi nay min

မင်္ဂလာပါ

Leave a comment

Design a site like this with WordPress.com
Get started