📚မိန်းကလေးတိုင်းဖတ်ဖို့ 📚✍✍✍✍✍✍👁✍✍✍✍✍✍✍ အိမ်ထောင်တစ်ခုကိုအချစ်အတွက်ရွေးချယ်သင့်လား…ဘဝအတွက်ရွေးချယ်သင့်လား…မိန်းကလေးတိုင်းက နုညံ့တယ် အယုံလွယ်တက်ကြတယ် သူတို့တကယ်ချစ်လာတဲ့အခါအားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုမစဉ်းစားတက်ကြပါဘူး။သူကကိုယ့်ကိုတကယ်ချစ်လို့နောင်ပြင်သွားမှာပါဆိုပြီး အချစ်တွေမြင်နေတဲ့အချိန်အပြစ်တွေကို မမြင်ဘူးဆိုရင်ဘဝတစ်ခုလုံးကို ဒူးနဲ့မျက်ရည်သုတ်နေရပါလိမ့်မယ်။ အရက်သောက်တက်သူကိုငါ့ကိုချစ်ရင် ပြင်လိုရပါတယ်မထင်နဲ့ဆေးလိပ်သောက်တက်တဲ့သူကိုငါ့ကိုချစ်ရင် ပြင်ပေးရင် ပြင်မှာပဲလို့မတွေးနဲ့သမီးရည်းစား ရန်ဖြစ်တိုင်းရိုင်းစိုင်းစွာဆဲဆိုတက်သူကိုနောင်ပြင်လာမှာပါလို့မထင်နဲ့စကားများတိုင်း လက်ပါတက်သူကိုနောင်တချိန်မှာ ပြင်လာမှာပါပြင်ပေးရင်ရပါတယ်လို့မတွေးမိလိုက်ပါနဲ့။ လူဆိုတာ အကျင့်တစ်ခုရှိရင်ကိုယ်တိုင်ပြင်ရင်ပြင် မပြင်ရင်ဘယ်တော့မှ မပြောင်းလဲပါဘူးဘယ်သူကမှ ပြင်ပေးလို့မရပါဘူးသူဗီဇက ဒီလိုပါလာရင် ဘယ်လောက်ထိချစ်ပါတယ်ပြောပြော နဂိုဗီဇက ပြုပြင်လဲခဏပါပဲ။ မိန်းကလေးတစ်ယောက်ကိုကျောရရုံကြံတက်ကြတဲ့ သူတွေနဲ့တွေ့ရင်အချစ်စစ်ဆိုတာ သူတို့အတွက်တော့စာမဖွဲ့လောက်ပါဘူးဒါကြောင့်ချစ်ပါ မချစ်နဲ့မဆိုလိုပါဘူးကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် မကောင်းရင်ကိုယ့်အပေါ်နှမချင်းကိုယ်ချင်းစာနာစိတ်မရှိရင်ကိုယ့်အပေါ် သစ္စာမရှိရင်ကိုယ့်အရှက်သိက္ခာကို ထိပါးလာရင်ဘယ်လောက်ထိချစ်နေပါစေပြတ်ပြတ်သားသား လမ်းခွဲလိုက်တာအကောင်းဆုံးပါပဲ ။ သူနဲ့ကိုယ်ချစ်သူရည်းစာ ဘဝမှာတောင်ကိုယ့်အပေါ် နားလည်မှုမရှိတဲ့ယောက်ျားတစ်ယောက်ကိုတစ်ဘဝလုံးပုံအပ်ပြီး လက်တွဲသွားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မိန်းကလေးတိုင်း ချစ်ပါမချစ်နဲ့ပြောတာမဟုတ်ဘူး ဒါပေမယ့်ကိုယ်တစ်ဘဝလုံးလက်တွဲဖို့ရည်ရွယ်ထားတဲ့သူကိုတော့မျက်စိနဲ့မြင်အောင်ကြည့်ပါ နှလုံးသားနဲ့ခံစားပါသို့ပေမယ့် ဦးနှောက်နဲ့ဆုံးဖြတ်ဖို့တော့မမေ့ပါနဲ့။ တကယ်တမ်းတော့ မိန်းကလေးဆိုတာအိမ်ထောင်ဖက် အရွေးမှားတဲ့အခါဘဝတစ်ခုလုံးကို ငရဲတွင်းထဲရောက်သွားတာနဲ့အတူတူပါပဲ။အိမ်ထောင်တစ်ခုကို အချစ်တစ်ခုတည်းနဲ့တည်ဆောက်လို့မရနိုင်သလိုအချစ်မပါတဲ့ အိမ်ထောင်ရေးကလဲကြာရှည်မတည်မြဲနိုင်ပါဘူးဒါကြောင့် အချစ်သူရဲကောင်းဆိုတာဝတ္တုဇာတ်လမ်း၊သီချင်းတွေ၊videoဇာတ်လမ်းထဲတွေကလို လူတွေအားကျအတုယူလောက်တဲ့အထိမလွယ်ကူမပီပြင်နိုင်ပါဘူး။ သာယာတဲ့နေ့လေးဖြစ်ပါစေ Crd#ToContinue reading “မင်္ဂလာပါ”